top of page
Search

🕉🕉🕉Aura အကြောင်း🕉🕉🕉ကိုယ့်ရဲ့ Aura က ဘာအရောင်လဲ ဘယ်လို ပုံစံလဲ???

  • Writer: Moh moh31
    Moh moh31
  • Nov 25, 2022
  • 2 min read


ကိုယ့်ရဲ့ Aura က ဘာအရောင်လဲ ဘယ်လို ပုံစံလဲ???

အချို့လူတွေနားကို သွားရင် ကျွန်မတို့ ရင်ထဲ အေးမြသွားကြတယ်။အချို့လူတွေနားသွားရင်ကျ အလိုလိုပျော်လာတယ် ။အချို့လူတွေနားမှာကျ နေရင်းနဲ့စိတ်ပူပန်လာကြတယ် ။ ဒေါသတွေ ထွက်လာတဲ့အချိန်မျိုး တွေ ဖြစ်တတ်ကြတယ် ။ ကိုယ့်ဟာကိုယ် တယောက်ထဲနေရင် ကိုယ့်ရဲ့စိတ်အခြေအနေကတမျိုး လူတွေနားသွားရင်ကျ တမျိုး အဲဒီလိုတွေ ဖြစ်နေတတ်တာဟာ လူတွေရဲ့ Aura လို့ခေါ်လို့ ကိုယ်ရောင်ကိုယ်ဝါကြောင့်ပါပဲ တဲ့။

ကိုယ်ရောင်ကိုယ်ဝါတွေက လူတွေရဲ့ စိတ်အခြေအနေ ပြင်ပအခြေအနေတွေကို သက်ရောက်မှုရှိပါတယ်တဲ့။ ဒီတစ်ယောက်မှာ ကိုယ်ရောင်ကိုယ်ဝါက တသမတည်း ရှိမ​နေတတ်ကြပါဘူး ။ စိတ်ပိုင်း energy ပိုင်းပြောင်းရင် ကိုယ့်ရဲ့ Aura က လိုက်ပြောင်း တတ်ပါတယ် ။

ဒါဆို ကိုယ့်ရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေကို ပြောင်းလဲလို့ ရပါသလား?? ဟုတ် … ရပါတယ်

၁။ မိမိစားတဲ့အစားအသောက်တွေကို သတိထားပါ။သန့်ရှင်းတဲ့ လတ်ဆတ်တဲ့အသီးအနှံ အရွက်များစားပေးပါ။ သားကြီးငါးကြီးတို့ရဲ့ အတွငါးကလီစာတွေ ရှောင်ပါ။ အရက်သေစာသောက်စားတာမျိုး မလုပ်ပါနဲ့။ မကြာခဏ ဥပုဉ်စောင့်တာမျိုး Fasting လုပ်တာမျိုး လုပ်ပေးပါ။

၂။ မိမိအတွေးတွေကို သတိထားပါ။ သူတပါးကို မနာလို က္ကဿာ မဇ္ဇရိယ ထားတာတွေ မလုပ်ပါနဲ့။ သူများကို စိတ်ထဲကနေ Judge ဝေဖန်တာမျိုးတွေ ရှောင်ပါ။

၃။ အပြော နဲ့အလုပ်ထပ်တူကျအောင်နေပါ။ ကိုယ်မလုပ်နိုင်ဘဲ ကတိပေးတာမျိုး၊ရင်ထဲကမပါဘဲ ပြောလိုက်တာမျိုး မလုပ်ပါနဲ့။ ကိုယ့်ရဲ့ Aura အရောင်ပြောင်းတတ်ပါတယ်။

၄။ ပတ်ဝန်းကျင်ကို သန့်ရှင်းစွာထားပါ။ ထိုနည်းတူပဲ စိတ်ကို သန့်ရှင်းစွာထားပါ။ music ဖွင့်ခြင်း၊ Meditation လုပ်ခြင်းဖြင့်လည်း သင့်ရဲ့ Aura ကို cleansing လုပ်နိုင်ပါတယ် ။

Crystal လေးတွေ ဝတ်ဆင်ခြင်း၊ ထားခြင်း လည်း လုပ်နိုင်ပါတယ် ။ (Crystal တွေက powerful ဖြစ်ပေမယ့် အချို့ crystal တွေ Negative energy ကို attract လုပ်တတ်လို့ သိပ်အားမပေးချင်ပါဘူး။ Crystal အကြောင်း post တခုအနေနဲ့ မျှဝေပေးပါအုန်းမယ်)

အောက်က link လေးတွေမှာ Aura cleansing လုပ်နိုင်မယ့် ကျွန်မ အမြဲဖွင့်လေ့ရှိတဲ့ music နဲ့ meditation လေးတွေ လိုက်လုပ်ကြည့်နိုင်ပါတယ်။

ဒါဆို ကိုယ့်ရဲ့ ကိုယ်ရောင်ကိုယ်ဝါ ဘာအရောင်လဲ သတိထားကြည့်ကြရအောင်။

Brick Red (အုတ်ခဲကျိုးနီရောင်) က”Anger” ဒေါသကို ကိုယ်စားပြုပါတယ်။ဒီလူတွေက စိတ်တိုတတ်တယ် ။စိတ်ပူတတ်တယ် ။ မကျေမနပ်ဖြစ်စရာတွေ တွေးတတ်တဲ့ လူတွေရဲ့ အများစုချိန်မှာဖြစ်တတ်တဲ့ ကိုယ်ရောင်ကိုယ်ဝါပေါ့ ။

Crimson (ကြက်သွေးရောင်) က “Loyalty “. ကို ကိုယ်စားပြုပါတယ်။ကြက်သွေးရောင် Aura လွှမ်းမိုးတဲ့လူတွေက သစ္စာစောင့်သိတတ်တဲ့သူတွေများပါတယ် ။

Pink ( ပန်းရောင်) က “Cheerfulness “ကို ကိုယ်စားပြုပါတယ် ။ပန်းရောင် Aura ကို ကလေးတွေနားမှာ အများဆုံး တွေ့ရတတ်ပါတယ် ။ လူတွေပျော်ရွှင်နေတဲ့အချိန်မှာ ထွက်ပေါ်လာတတ်တဲ့အရောင်ပေါ့။

Rose (နှင်းဆီနီရောင်) က”Self love ကို ကိုယ်စားပြုပါတယ် ။ ကိုယ့်က်ုယ်ကိုယ် လေးစားဂရုစိုက်နေတဲ့အချိန်မှာ ထွက်ပေါ်လာတတ်တယ် ။ အချို့အမျိုးသမီးတွေနားမှာ ရှိတတ်တယ် ။ သူတို့နားသွားရင် ကိုယ့်ရင်ထဲ သူတို့ကို လေးစားအားကျမိတဲ့စိတ် ဖြစ်လာတတ်တယ် ။

Yellow (အဝါရောင်) “Wisdom , Spiritual & Creativity “ကို ကိုယ်စားပြုပါတယ်။ အနုပညာရှင်တွေ artist တွေမှာ ဒီလိုကိုယ်ရောင်ကိုယ်ဝါ ရှိတတ်ကြပါတယ် ။Meditation လုပ်နေချိန်မှာလည်း သမာဓိရတဲ့အချိန် အဝါရောင်ထွက်တတ်ပါတယ်။ Grey & Grayish Yellow (ခဲရောင်နဲ့ ခဲဝါရောင်) က “Fear “ အကြောက်တရားက်ု ကိုယ်စားပြုပါတယ် ။

Purple (ခရမ်းရောင်)က Spiritual power ကို က်ိုယ်စားပြုပါတယ် ၊ Manifestation အားကောင်းတဲ့ အချိန် universe နဲ့ Align ဖြစ်တဲ့အချိန်မှာ ထွက်ပေါ်တတ်ပါတယ် ။

Green (အစိမ်းရောင်)က “Ingenuity, Compassion & Growth” တီထွင်ဖန်တီးနိုင်မှု၊ ဂရုဏာတရား နဲ့ တိုးတက်မှုကို ကိုယ်စားပြုပါတယ်။

Pale Green (အစိမ်းနု) က healing power ကို ကိုယ်စားပြုပါတယ် ။ Aura အစိမ်းနုရောင်ရှိနေတဲ့လူတွေနားသွားရင် စိတ်သောကတွေ ခဏတာပျောက်သွားတာမျိုး ဖြစ်တတ်ပါတယ်။

Grayish Green (ခဲစိမ်းရောင်) က Pessimism , Envy ကို တဦးဦးကို အားကျမိတဲ့အချိန်မျိုးမှာ ထွက်ပေါ်တတ်ပါတယ် ။

Blue (အပြာရောင်) က Spiritual Idealist , Imaginative, intellectual စိတ်ကူးစိတ်သန်း ဥာဏ်ရည် ထက်မြက်နေချိန်မျိုးမှာ ထွက်ပေါ်တတ်ပါတယ် ။

White (အဖြူရောင်) Highly Spiritual စိတ်စွမ်းအား တခုခု ပိုင်ဆိုင်သူတွေ တရားကျင့်ကြံသူတွေမှာ ပေါ်တတ်တဲ့ အရောင်ပါ။

Black (အမဲရောင်) Depression, death စိတ်အားညှိုးငယ် စိတ်ဓာတ်ကျမှုနဲ့ သေဆုံးမှုကို ကိုယ်စားပြုပါတယ် ။

Gold (ရွှေရောင်) နဲ့ Silver (ငွေရောင်) က Pure knowing & Intuition အလိုလိုသိစိတ်ကို ကိုယ်စားပြုပါတယ် ။

ကိုယ့်ရဲ့ Aura အရောင်လေးတွေက်ု အလှပဆုံးပြောင်းနိုင်ကြပါစေ ။

 
 
 

Comments


bottom of page