top of page
Search

💌💌💌တားရော့မှာ လည်း …ethic (လိုက်နာရမည့်စည်းမျဉ်း) ရှိပါတယ်…

  • Writer: Moh moh31
    Moh moh31
  • Dec 1, 2022
  • 1 min read

ဒီနေ့တော့ မို့ က တားရော့နဲ့ပတ်သတ်တာလေးတွေကို Sharing လုပ်ပေးချင်ပါတယ်


️နံပါတ်(၁)အချက်က တားရော့က religious / ဘာသာရေး မဟုတ်ပါ။တားရော့ဟာ ဂမ္ဘီရ လောကီပညာရပ်တစ်ခုသာဖြစ်ပါတယ် …


တားရော့ဖတ်ပေးသူ ဖတ်ပေးခံရသူတွေဟာ ကိုယ်ကြိုက်တဲ့ ဘာသာကို ကိုးကွယ်ပြီး တားရော့ ပညာရပ်ကို အသုံးချလို့ရပါတယ် …

ပြီးတော့ တားရော့ဟာ အကြားအမြင်မဟုတ်တာကြောင့် တိကျသေချာတဲ့အနာဂတ်ကို မပြောနိုင်ပါဘူး ။ ကြုံလာရမှာတွေရဲ့ နိမိတ်ကိုသာ ပြောပြပေးနိုင်ပါတယ် ။ မေးတဲ့သူတွေက ဘယ်လိုမေးတယ်ဆိုတာနဲ့ ရလာတဲ့အဖြေအပေါ် ဘယ်လို ဆုံးဖြတ်ပြီး ဘဝရဲ့အခက်အခဲတွေကို ရင်ဆိုင်ဖို့ စိတ် အင်အား တခု လာယူတာသာဖြစ်တာကြောင့် မေးတဲ့သူအပေါ်အရမ်းမူတည်နေပါတယ် ။


တားရော့ဖတ်ပေးတဲ့ သူတွေက ပုံစံအမျိုးမျိုးနဲ့ဖတ်ပေးကြပါတယ် ..


(၁)Intuitive Tarot reader (အလိုလိုသိစိတ်ကို သုံးပြီး တားရော့ဖတ်ခြင်း)

(၂) Psychic Tarot Reader (အစောင့်အရှောက်တွေနဲ့ connect လုပ်ပြီး တားရော့ဖတ်ခြင်း)

(၃) Empathic Tarot Reader (မေးတဲ့သူရဲ့စိတ်ခံစားချက်ကို connect လုပ်ပြီး တားရော့ဖတ်ခြင်း)

(၄)Holistic Tarot Reader (oracle cards တွေ number တွေသုံးပြီး ကဒ်ရဲ့အဓိပ္ပါယ်တွေကို အတိအကျ ပြောပြီး တားရော့ဖတ်ခြင်း)

*အခြားနည်းတွေလည်း ရှိနိုင်ပါသေးတယ် ..





How to ask a Tarot ?

တားရော့ဘယ်လိုမေးကြမလဲ။



တားရော့မှာ လည်း ethic ရှိပါတယ်…


မို့တို့ Tarot Reader တွေဆီကို တားရော့ လာမေးပြီးဆိုရင် အရေးအကြီးဆုံးအချက်က ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု ကို လိုချင်တာကြောင့်ပဲဖြစ်ပါတယ် …

အဲဒါကြောင့် ..

မေးတဲ့သူတွေကို ဖတ်ပေးတဲ့သူတွေက False hope မျှော်လင့်ချက် အမှားကိုပေးလို့မရပါဘူး …


ကြုံလာရမယ့်အရာတွေသိပြီးရင် ကိုယ့်ကိုယ့်ကိုယ် အားစိုက်ထုတ်ပါ။


မို့ဆောင်ရန်ရှောင်ရန်ပေးပါတယ် ။ ဒါက ကိုယ့်ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ထိ အစွမ်းမရှိပါဘူး။ဒါကအနည်းအကျဉ်းသာသက်သာရာရစေမှာပါ။


ကိုယ်လုပ်ခဲ့တာတွေအတွက် ကိုယ်ပြန်ခံရမှာပဲ ။ ဘယ်လိုစိတ်နေစိတ်ထားနဲ့ ဘဝကို ဆက်လျှောက်ဖို့သိရဖို့သာ ဒီ ကဒ်လေးတွေကစွမ်းဆောင်ပေးနိုင်ပါတယ် ။


အချို့မေးခွန်းတွေအတွက် reader တွေက အဖြေမပေးပါဘူး ။ open answer တွေသာရနိုင်ပါတယ် .. တားရော့ ကပေးတဲ့open answer ကို final answer အဖြစ် မေးတဲ့သူက ပြောင်းပစ်ရမှာပါ။


တားရော့ မေးတဲ့အခါ လိုချင်တဲ့အဖြေရဖို့ တိကျတဲ့မေးခွန်းကိုမေးပါ။

အချစ်ရေးပြောပေးပါဆိုတာထက် ဒီချစ်သူနဲ့ရှေ့ဆက်သွားတဲ့အခါ ဘယ်လိုကောင်းကျိုး ဆိုးကျိုးရမလဲ ဆိုတာမျိုးပေါ့!


တားရော့ ဟာ counseling/ဆွေးနွေးတိုင်ပင်ခြင်းတမျိုးသာဖြစ်ပါတယ် ။ You are the creator of your life ! ကိုယ့်ဘဝကိုအကောင်းဆုံး ဖန်တီးဖို့ ကိုယ်ကသာ တာဝန်အရှိဆုံး စွမ်းဆောင်နိုင်ရည် အရှိဆုံးဆိုတာ မမေ့ပါနဲ့နော် ။


တားရော့မေးခြင်းဖြင့် ဘဝရဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချနိုင်ကြပါစေ


I am sending good vibes to you all..


With love

Moh

 
 
 

Comments


bottom of page