top of page
Search

၁၂လရာသီခွင်တို့၏ ထူးခြားသော စရိုက်လက္ခဏာများနှင့် အားသာချက် အားနည်းချက်များ Zodiac Characteristic

  • Writer: Moh moh31
    Moh moh31
  • Nov 25, 2022
  • 3 min read

Aries

မိဿရာသီဖွား တို့ စိတ်နေသဘောထား စရိုက်လက္ခဏာ

တကယ်လို့ သင်ဟာ မတ်လ၂၁ရက်မှ မှ ဧပြီ ၁၉ ရက် အတွင်း မွေးဖွား သူဖြစ်ခဲ့ရင် ............

Aries (ခေါ်)မိဿရာသီဖွားပါပဲ......

မိန်ရာသီဖွားတို့ ရဲ့ ထူးခြားတဲ့ အားသာချက်များကတော့ .....

မိဿရာသီဖွားများဟာ သူတစ်ပါးကို မမှီခိုရတာ ကြိုက်နှစ်သက်ကြပါတယ်#

အကောင်းမြင်စိတ်ရှိသူတွေဖြစ်ပြီး ရက်ရက်ရောရော ပေးကမ်းတတ်သူတွေဖြစ်ပါတယ်#

ကြည့်လိုက် ရင် အမြဲတက်ကြွ လန်းဆန်းနေတတ်သူတွေဖြစ်ကြပါတယ်

ယုံကြည်ချက်အတိုင်း ပြောရဲဆိုရဲ လုပ်ကိုင်ရဲသော သူများ ဖြစ်ကြပါတယ်


မိဿ ရာသီဖွားများ၏ အားနည်းချက်များ.....

မိဿတို့ဟာ စိတ်ခံစားချက်ပြင်းထန်ပြီး စိတ်တိုလွယ်ကြပါတယ်

ကိုယ့်အတွက်ပဲကိုယ်ကြည့်တတ်ကြပါတယ်

တစ်ခုခုဆို စိတ်လိုက်မာန်ပါလည်း လုပ်တတ်ကြပါတယ်

စိတ်မရှည်တတ်တဲ့သူများ ဖြစ်ကြတယ်


မိဿရာသီဖွားနှင့် လွတ်လပ်မှု

သူတို့ရဲ့ ပင်ကိုယ် စရိုက် ကိုက လွတ်လပ်စွာနေတတ်သူတွေဖြစ်ကြပါတယ်

ဆယ့်နှစ် ရာသီခွင်ထဲက ပထမဆုံး ဖြစ်လို့ တီထွင် ဆန်း သစ်တတ်သူတွေ နည်း လမ်းသစ်ကို တီထွင်တတ်သူတွေ ခေါင်းဆောင်တတ်သူတွေဖြစ်ကြပါတယ်

သူတို့ရဲ့ ပျော်ပျော်နေတတ်ပြီး ညို့ဓါတ်ပါတဲ့ ပင်ကိုယ် အရည်အသွေးကပဲ အခြားသူတွေကို ဆွဲဆောင်နိုင်တဲ့ အရည်အသွေး တစ်ခုဖြစ်နေတတ်ကြပါတယ်#

Aries တွေရဲ့ ပင်ကိုယ် အရည်အသွေးကြောင့် အခြားသူတွေ စိတ်လှုပ်ရှား ပျော်ရွှင်စေတတ်ပါတယ်တဲ့။



Taurus

ပြိဿရာသီဖွား တို့ စိတ်နေသဘောထား စရိုက်လက္ခဏာ

တကယ်လို့ သင်ဟာ ဧပြီ လ၂၀ရက်မှ မှ မေလ ၂၀ရက် အတွင်း မွေးဖွား သူဖြစ်ခဲ့ရင် Taurus ခေါ် ပြိဿ ရာသီဖွားပါပဲ

ပြိဿတို့ ရဲ့ အားသာချက်များကတော့

သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ရပ်တည်နိုင်သူများ ဖြစ်ကြပါတယ်

ဇွဲကောင်းသူများဖြစ်ပြီး သစ္စာရှိသော သူများ ဖြစ်ကြပါတယ်#

စိတ်ရှည်တတ်တာနဲ့ စေတနာကောင်းပြီး ရက်ရောတတ်တာကတော့ ပြိဿတို့ရဲ့ အားသာချက်တွေပါပဲ


ပြိဿရာသီဖွားများ၏ အားနည်းချက်များ.....

သင်ဟာ ပြိဿ ရာသီဖွား ဆိုရင်တော့ သင်ဟာ ပေကတ်ကတ်နှင့် ခေါင်းမာ ဇွတ်တရွတ်နိုင်သူ ပျင်းရိသူတစ်ယောက်ပါတဲ့#

သင်ပိုင်ဆိုင်တဲ့အရာမှန်သမျှကို သင်ဟာ ဘယ်သူ့ကိုမှ မမျှဝေချင်ပါဘူး

နောက်ထပ် သင့်ရဲ့အားနည်းချက်က ရုပ်ဝါဒကို အဓိက ထားလွန်းတာပါပဲ

သင်ဟာ ကိုယ် ကျိုးကို အလွန်ကြည့်တတ်သူ တစ်ယောက်ပါတဲ့


ပြိဿရာသီဖွားနှင့် လွတ်လပ်မှု

ပြိဿရာသီဖွားတို့ဟာ မသိတဲ့အရာတွေ အသစ်အသစ်တွေကို စွန့်စားခန်းမထုတ် တတ်ကြဘဲ ကိုယ့်နည်းကိုယ်ဟန်နဲ့ နေထိုင်တတ်သူတွေဖြစ်ကြတယ် #

သူတို့ဟာ သူတစ်ပါးရှာဖွေထားတာတွေကို လက်ခံလိုက်နာတတ်ကြပေမယ့် ကိုယ်ပိုင်နည်းအဖြစ် တီထွင်ဆန်းသစ်ပြီး လုပ်ကိုင်တတ်ကြပါတယ် #

ခေါင်းမာပြီးဇွတ်တရွတ်နိုင်တဲ့ သူတို့တွေဟာ ဇွဲလုံ့လကြီးမားသူများဖြစ်ကြပါတယ်#

တစ်ကိုယ်တည်း လွတ်လပ်စွာ နေထိုင်ခြင်းက သူတို့ကို ပြီးပြည့်စုံတဲ့ကောင်းမွန်မှုတွေဖန်တီးပေးပါလိမ့်မယ် #

သူတို့လိုချင်တာတွေကို သူတို့နည်းနဲ့သူတို့ မရရအောင် လုပ်တတ်ကြပါတယ် #

ပြိဿရာသီဖွားပိုင်ရှင်တို့ဟာ အများနည်းတူ လိုက်လုပ်တတ်တဲ့သူတွေ မဟုတ်ကြပါဘူး#

ဒါပေမယ့် တီထွင်ဆန်းသစ်ဖို့လည်း သတ္တိမရှိကြပါဘူးတဲ့#

လွတ်လပ်စွာနေတတ်ကြပြီး သူတို့ဇွဲလုံ့လနဲ့ ဘဝကိုကောင်းကောငါးရပ်တည်နေနိုင်သူတွေဖြစ်ကြပါတယ်



Gemini

မေထုန်ရာသီဖွား တို့ စိတ်နေသဘောထား စရိုက်လက္ခဏာ

တကယ်လို့ သင်ဟာ မေလ၂၁ရက်မှ မှ ဇွန် ၂၀ရက် အတွင်း မွေးဖွား သူဖြစ်ခဲ့ရင် Gemini ခေါ် မေထုန် ရာသီဖွားပါပဲ

မေထုန်တို့ ရဲ့ အားသာချက်များကတော့

မေထုန်ရာသီဖွား ပိုင်ရှင်တို့ဟာ တက်တက်ကြွကြွနေတတ်ကြပြီး ထက်မြက်ကြသူများဖြစ်ကြပါတယ်#

စိတ်ကူးစိတ်သန်းကောင်းသူတွေဖြစ်ပြီး ဟာသဥာဏ်လည်း ရှိကြပါတယ်#

ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေထိုင်တတ်သူများပါ---


မေထုန်ရာသီဖွားများ၏ အားနည်းချက်များ..

ဤရာသီဖွားပိုင်ရှငိတို့ဟာ အရာရာကိုလေးနက်မှုမရှိကြပါဘူး သာမန်ကာလျှံကာ စဉ်းစားတတ်ကြလ်ို့ပါ#

စိတ်လိုက်မာန်ပါလည်း ပြောတတ် ဆိုတတ်ကြပါတယ်#

ဂဏာမငြိမ်လည်း တော်တော်နေတတ်တဲ့သူတွေပါ#

ဖြောင့်မတ်မှုမရှိတတ်ဘဲ မပြတ်မသားလုပ်တတ်တာကလည်း သူတို့ရဲ့ အားနည်း ချက်ပါတဲ့


မေထုန်ရာသီဖွားနှင့် လွတ်လပ်မှု

ဤရာသီဖွားတို့ဟာ လွတ်လပ်မှုကို အစွမ်းကုန် မြတ်နိုးသူများ ဖြစ်ကြပါတယါ။ သူတို့ဟာ တစ်စုံတစ်ဦးက သို့မဟုတ်) စည်းကမ်းတစ်ခုခုက ထိန်းချုပ်တာမျိုးကို လက်မခံတတ်ကြပါဘူး။ သူတို့က လောကကြီးဆီက ကိုယ်တိုင်တွေ့ကြုံရမယ့် အတွေ့အကြုံတွေ လိုအပ်ပါတယ် ။ ပြောင်းလဲမှုနဲ့ လွတ်လပ်မှုဟာ Geminiတွေအတွက် အလွန်အမင်း လိုအပ်တဲ့အရာ ဖြစ်ပါတယ်။ သူတို့ကိုတစ်ယောက်ယောက်က အမိန့်ပေးခိုင်းစေတာမျိုးကို သူတို့လက်ခံလိမ့်မှာ မဟုတ်ပါဘူး။သူတို့ရဲ့ စိတ်ရင်းကိုက လွတ်လပ်မှုကို မရှိမဖြစ်အရာလို့ ခံယူထားသူများ ဖြစ်ပါတယ်။



Cancer

ကရကုဋ်ရာသီဖွား တို့ စိတ်နေသဘောထား စရိုက်လက္ခဏာ

တကယ်လို့ သင်ဟာ ဇွန်လ၂၁ရက်မှ မှ ဇူလိုင်လ ၂၂ရက် အတွင်း မွေးဖွား သူဖြစ်ခဲ့ရင် Cancer ခေါ် ကုရကုဋ် ရာသီဖွားပါပဲ

ကုရကုဋ်ရာသီဖွားတို့ ရဲ့ အားသာချက်များကတော့

ဤရာသီဖွားများဟာ သစ္စာစောင့်သိလွန်းပါတယ်။သူတစ်ပါး အပေါ်မှီခိုတတ်ပါတယ် ။ သူတို့ဟာ အခြားသူများအပေါ် ဂရုစိုက်တတ်သူများပါ။သူတို့ဟာ လူတွေနဲ့ အလိုက်သင့် ပြောဆိုနေထိုင်တတ်ပါတယ်။ ဘာကိုပဲလုပ်လုပ် စိတ်ဝင်တစား လုပ်တတ်ကြပါတယ် ။


ကုရကုဋ်ရာသီဖွားများ၏ အားနည်းချက်များ

ဤရာသီဖွားများဟာ စိတ်ခံစားချက်ပြင်းထန်ကြပြီး အစွဲအလမ်းကြီးသူတွေပါ။ တစ်ခုခုဆို ကိုယ့်ကိုယ်ကိုယ် လည်း အလွန်သနားတတ်ကြတယ်။ sensitive ဖြစ်လွန်းတာနဲ့ ကိုယ့်ကိုယ်ကိုယ် သာ စိတ်ဝင်စားတတ်ခြင်း က သူတို့ရဲ့ ကြီးမားတဲ့ အားနည်းချက်တွေပါတဲ့..


ကုရကုဋ်ရာသီဖွားနှင့် လွတ်လပ်မှု

ဤရာသီဖွားများဟာ ဆန့်ကျင်ဘက်အမြင်ကို ပိုင်ဆိုင်ထားသည့် ဓာတ်သဘောအလျှောက် လွတ်လပ်မှုနှင့် မှီခိုမှုကြား ဒွန်ဆွဲနေကြသူများ ဖြစ်ကြပါတယ် ။အမှီအခို ကင်းကင်း နေနိုင်သလို သူတစ်ပါးကို မှီခို တတ်ကြပါသေးတယ် ။တစ်ဖက်မှကြည့်လျှင် သူတို့ဟာ ဇွဲကောင်းပြီး လုပ်စရာရှိသည်များကို အပြင်းအထန်လုပ်တတ်လို့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ရပ်တည်နိုင်ကြပြီး အပြင်ပန်း အရာတွေအပေါ်မှာ သူတစ်ပါးကို မှီခိုအားကိုးစရာမလိုအပ်ကြပါဘူး။အခြားတစ်ဖက်မှပြောရလျှင်တော့ သူတို့ကို စိတ်ခံစားမှုဆိုင်တဲ့ အားတက်မှုတွေရလာစေဖို့ အခြားသူများရဲ့ အထောက်အပံ့တွေ လိုအပ်ပါသေးတယ်တဲ့။



Virgo

ကန်ရာသီဖွား တို့ ၏ စိတ်နေသဘောထား စရိုက်လက္ခဏာ

အားသာချက်များ...

ကန်ရာသီဖွားတို့ဟာ စေ့စပ်သေချာပြီး စည်းကမ်းလိုက်နာတတ်သူများပါ။သူတစ်ပါးကို ကူညီတတ်သူများဖြစ်ကြပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေ နေတတ်ကြပါတယ်။တိကျသေချာပြီး အနုစိတ်လွန်းတာကလည်း သူတို့ရဲ့ အားသာချက်တွေထဲက တစ်ခုပါတဲ့။


ကန်ရာသီဖွားများ၏ အားနည်းချက်များ

ဤရာသီဖွားများဟာ သံသယစိတ်ကြီးမားကြပါတယ်။ဇီဇာကြောင် ကြေးများတတ်ကြပြီး သူ့ယုံကြည်ရာကို စွဲစွဲမြဲမြဲ ပြောဆိုနေထိုင်တတ်ကြပါတယ်။ အကြင်နာမဲ့ ပြီး အသည်းမာတတ်လည်း သူတို့အားနည်းချက်ပါပဲ။သူတို့တွေဟာ ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စရပ်တွေမှာ ဝင်ရောက်စွက်ဖက်တတ်ကြသူများပါတဲ့။


ကန်ရာသီဖွားနှင့် လွတ်လပ်မှု

ဤရာသီများဟာ အမှီအခို ကင်းမဲ့လွန်းတဲ့ ရာသီဖွားတစ်ခုပါတဲ့။သူတို့ဟာ သူတို့ရဲ့ အသိဉာဏ် အစွမ်းအစကိုသုံးပြီး လိုချင်တာကို ရအောင် အပြည့်အဝ စွမ်းဆောင်နိုင်ကြပါတယ်။စိတ်သဘောထားကျဉ်းမြောင်းမှု မရှိတဲ့ အတွက်ကြောင့် ကန်ရာသီဖွားရဲ့ ဖန်တီးနိုင်စွမ်းတွေဟာ သူတို့ရဲ့ နေစဉ်ဘဝကို သက်ရောက်မှုရှိကြပါလိမ့်မယ်။သူတို့ရဲ့ အတိတ်က ရှုပ်ထွေးခဲ့တဲ့ကိစ္စတွေကို တဝဲလည်လည် တွေးနေ ပြောဆိုတတ်တာတွေက သူတို့ကိုယ်တိုင် စိတ်အနှောက်ဖြစ်စေပြီး အောင်မြင်မှုကို အဟန့်အတားဖြစ်စေတတ်ပါတယ်။ကန်ရာသီဖွားအများစုဟာ လွတ်လပ်ပြီး အမှီအခို ကင်းတတ်ကြပေမယ့် အချို့ အနည်းစုကတော့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ် ထိန်းချုပ်နိုင်မှု မရှိတတ်ကြတာကြောင့် သူတို့ကို ကူညီလမ်းပြပေးမယ့်သူ မရှိခဲ့ရင် အောင်မြင်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။



Leo

သိဟ်ရာသီဖွား တို့ ၏ စိတ်နေသဘောထား စရိုက်လက္ခဏာ

အားသာချက်များ...

တကယ်လို့ သင်ဟာ ဇူလိုင်လ၂၃ရက်မှ မှ သြဂုတ်လ ၂၂ရက် အတွင်း မွေးဖွား သူဖြစ်ခဲ့ရင် Leo ခေါ် သိဟ် ရာသီဖွားပါပဲ

သိဟ်ရာသီဖွားများဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိသူများဖြစ်ပြီး ရည်မှန်းချက်ကြီးမားသူများဖြစ်ကြပါသည်။စိတ်သဘောထားကြီးသူများဖြစ်ပြီးသစ္စာရှိတတ်ကြပါတယ်။တက်တက်ကြွကြွနေတတ်ကြသူများပါ။



သိဟ်ရာသီဖွားများ၏ အားနည်းချက်များ

ဤရာသီဖွားများဟာ လေလုံးထွား ဟန်များတတ်ကြပါတယ်။အခြားသူများအပေါ် ကြီးစိုးခြယ်လှယ်ချင်သောစိတ် ရှိတတ်ကြပြီး သူတို့ရဲ့ အပြုအမူတွေ သရုပ်ဆောင်တွေကဲ့သို့ ဇာတ်ဆန်လွန်းနေတတ်ကြပါတယ်။ခေါင်းမာ စိတ်ကြီးဝင် မောက်မာတတ်ကြ ကလည်း သူတို့ရဲ့ အားနည်းချက်တွေပါတဲ့။


သိဟ်ရာသီဖွားနှင့် လွတ်လပ်မှု

သိဟ်ရာသီဖွားများဟာ အလွန် အမှီအခိုကင်းတတ်ကြသူများဖြစ်ကြပေမယ့်သူတို့ကို ထိန်းချုပ်ပေးမယ့် နားလည် အသိအမှတ်ပြုပေးမယ့် လေးလေးစားစား ဆက်ဆံပေးမယ့် တစ်ဦးဦးကို အလိုရှိတတ်ကြပါတယ် ။သူတို့ဟာကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရယူနိုင်စွမ်းရှိကြပါတယ် ။တကယ်လို့ သူတို့အပေါ် ဂရုစိုက် နာခံ လက်ခံတတ်တဲ့ သူတစ်ချို့ရှိရင်ပေါ့။ တစ်ဦးတည်း အထီးကျန်မှုကို မနှစ်သက်တတ်ကြပါဘူး။



Libra

တူရာသီဖွား တို့ ၏ စိတ်နေသဘောထား စရိုက်လက္ခဏာ(အပိုင်း-၁)

အားသာချက်များ...

တကယ်လို့ သင်ဟာ စက်တင်ဘာ၂၄ရက် မှ အောက်တိုဘာလ ၂၃ရက် အတွင်း မွေးဖွား သူဖြစ်ခဲ့ရင် Libra ခေါ် တူ ရာသီဖွားပါပဲ။ တူရာသီဖွားများဟာ လိမ္မာပါးနပ်ပြီး ပရိယာယ် ကြွယ်ဝကြပါတယ်။သူတို့တွေဟာ တင့်တယ်ပြီး ကျက်သရေရှိတဲ့ အလှအပမျိုး ပိုငိဆိုင်ထားကြပါတယ်။စိတ်ကူးယဉ်တတ်ကြပြီး ငြိမ်းချမ်းစွာနေတတ်ကြသူများပါ။ သူတစ်ပါးအပေါ် ပျူပျူငှာငှာလည်း ဆက်ဆံတတ်ကြသူများပေါ့။


တူရာသီဖွား တို့ စိတ်နေသဘောထား စရိုက်လက္ခဏာ( အပိုင်း_၂)

အားနည်းချက်များ

ဤရာသီဖွားများ ရဲ့ အားနည်းချက်များကတော့ အရာရာကို အလေးအနက် မထားတတ်ကြဘူး။စိတ်ကြီးဝင်ပြီး ဂုဏ်မောက်နေတတ်ကြပါတယ်။ဆုံးဖြတ်ချက် ချရာမှာလည်း ပြတ်ပြတ်သားသား မရှိကြပါဘူး။အရေးကြီးတဲ့ ကိစ္စတွေမှာ သူတို့ကို အားမကိုးပါနဲ့တဲ့။ စိတ်မချရတတ်လို့ပါ။


တူရာသီဖွား တို့ စိတ်နေသဘောထား စရိုက်လက္ခဏာ( အပိုင်း_၃)

တူရာသီဖွားနှင့် လွတ်လပ်မှု

တူရာသီဖွားများဟာ လူ့အဖွဲ့အစည်းကြား မိတ်ဆွေတွေကြားမှာ နေထိုင်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။လူအများကြားနေပြီး သူတစ်ပါးတွေက သူတို့ကို ကူညီပေးနေရင် သူတို့ အပျော်ဆုံးဖြစ်နေတာပါပဲ။သူတို့ဟာ ပျင်းရိတတ်ကြပေမယ့် ကြော့ကြော့မော့မော့ သားသားနားနား ဝတ်စားနေထိုင်ရတာကိုတော့ ကြိုက်နှစ်သက်ကြပါတယ်။အဲဒါကြောင့်ပဲ သူတို့နေထိုင်တဲ့ ကမ္ဘာလေးဟာ ရှုပ်ပွနေရင်ပွ ဒါမှမဟုတ် ရှုပ်လျက်ခတ်နေအောင် ပြင်ဆင်ထားပါလိမ့်မယ်။သူတို့ရဲ့ ပါးနပ်မှုကြောင့် သူတို့ကိုယ် သူတို့ ကောင်းကောင်းရပ်တည်နေနိုင်ကြပါတယ်။ ဒါပေမယ့် တူရာသီဖွားများဟာ သူများကို မှီခိုနေဦးမှာပါပဲ



Scorpio

ဗြိစ္ဆာရာသီဖွား တို့ ၏ စိတ်နေသဘောထား စရိုက်လက္ခဏာ

အားသာချက်များ...

တကယ်လို့ သင်ဟာ အောက်တိုဘာ၂၃ရက် မှ နိုဝင်ဘာလ ၂၁ရက် အတွင်း မွေးဖွား သူဖြစ်ခဲ့ရင် Scorpio ခေါ် ဗြိစ္ဆာရာသီဖွားပါပဲ။ ဗြိစ္ဆာရာသီဖွားများဟာ သစ္စာစောင့်သိသူများဖြစ်ကြပါတယ်။လိုချင်တာဖြစ်ချင်တာရှိရင်လည်းအသည်းအသန်ပါပဲ။ လုပ်ရည်ကိုင်ရည်ရှိပြီး စည်းစောင့်တတ်သူများပါ။ ဘယ်အရာမဆို ပြင်းပြင်းထန်ထန် လုပ်ကိုင် ပြောဆိုတတ်ကြပါတယ်။


အားနည်းချက်များ

ဤရာသီဖွားများ ရဲ့ အားနည်းချက်များကတော့ ဝန်တိုစိတ်ရှိတတ်ကြပါတယ်။ အစွဲအလမ်းကြီးပြီး အကဲကလည်းပိုတတ်ကြပါတယ်။ သူတစ်ပါးအပေါ် သံသယစိတ်နဲ့ အမြဲဆက်ဆံတတ်ကြပါတယ်။ကြိုးကိုင်ခြယ်လှယ်ချင်စိတ် ရှိတတ်ကြပြီး

ဘာကိုမှ အလျော့မပေးတတ်ကြပါဘူး


ဗြိစ္ဆာရာသီဖွားနှင့် လွတ်လပ်မှု

Scorpio တို့ဟာ ပြင်းပြင်းထန်ထန် လွတ်လပ်ကြသူများလို့ဆိုလို့ရပါတယ်။သူတို့ ဖြစ်ချင်တာကို ပြညိ့စုံပြီးမြောက်အောင် လုပ်နိုင်စွမ်းရှိသလို သူတို့ဖြစ်ချင် လိုချင်လာပြီဆို ဘယ်တော့မှ အရှုံးမပေးတတ်ကြပါဘူး။သူတို့ကိုယ်ပိုင်သီးသန့်နေရတာကို အလွန့်အလွန် ကြိုက်နှစ်သက်ကြပါတယ်။



ဓနုရာသီဖွားနှင့် လွတ်လပ်မှု

အမှီအခိုကင်းခြင်းဆိုတာက ဓနုရာသီဖွားများရဲ့ ကိုယ်ပိုင်မူပါပဲ။ဆန်းသစ်တီထွင်မှုတွေ စွန့်စားရမှုတွေကို သူတို့မက်မောတောင့်တပါတယ်။စိတ်လှုပ်ရှားပျော်ရွှင်ရတာကို ကြိုက်နှစ်သက်ကြလို့ပါ။အပြောင်းအလဲကို ပျော်ရွှင်စွာ ကြိုဆိုကြတဲ့ ရာသီဖွားတွေပါ။ ဒဿနိကပညာရှင်တွေနဲ့ စူးစမ်းရှာဖွေသူတွေရဲ့ လက္ခဏာတွေ သူတို့မှာ ရှိနေတတ်ကြပါတယ်။ သူတို့ဟာ သူတို့တတ်နိုင်သလောက် ဝေးဝေးလံလံတွေသွားမယ် ပြီးရင် အချို့ကိစ္စရပ်တွေကို သူတို့ဉာဏ်ပညာနဲ့ အတွင်းကျကျလေးလေးနက်နက် ရှာဖွေဆုံးဖြတ်တတ်ကြတယ်။လွတ်လပ်မှုဟာ ဓနုရာသီဖွားများအတွက် အလွန်တရာကို အရေးကြီးပါတယ်။သူတို့ဟာ သူတို့ဘယ်လောက်လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့်ပေါ်ပေးထားတယ် ဆိုတာမျိုး အပေါ် မူတည်ပြီး ရလဒ်ကကောင်းမွန်စွာ ထွက်လာတာမျိုးပေါ့။ တစ်ခါတစ်လေမှာ အခွင့်အလမ်းကောင်းတွေ လွဲချော်တတ်ကြပါတယ် သူတို့အပေါ်ပေးရတဲ့ မြင့်မားတဲ့ အရင်းအနှီးကြောင့်ပါ။ဒါပေမယ့် ဒါဟာသူတို့ရဲ့ ရွေးချယ်မှုပါ။သူတို့အတွက်တော့ သူတို့ရွေးချယ်တဲ့ အရာ ချမှတ်တဲ့ ဆုံးဖြတ်ချက်ဟာ ကောင်းမွန်တယ်လို့ အမြဲယူဆတတ်ကြပါတယ်။



Capricorn

မကာရသီဖွား တို့ ၏ စိတ်နေသဘောထား စရိုက်လက္ခဏာ

အားသာချက်များ...

တကယ်လို့ သင်ဟာ ဒီဇင်ဘာလ၂၃ရက် မှ ဇန်နဝါရီလ ၂၀ရက် အတွင်း မွေးဖွား သူဖြစ်ခဲ့ရင် Capricorn ခေါ် မကာရရာသီဖွားပါပဲ။

Capricon တွေရဲ့ အားသာချက်တွေက ယုံကြည်စိတ်ချရတယ်။စိတိရှည်တယ်။ ရည်မှန်းချက်မြင့်မား၍ လုပ်ရည်ကိုင်ရည်ရှိသူများပါ။သစ္စာတရားကို အလေးထားသော ရာသီခွင်များ ဖြစ်ကြပါတယ်။


အားနည်းချက်များ

ဤရာသီဖွားများဟာ အခြားသူအပေါ် အမိန့်ပေး အာဏာပြတတ်ကြပါတယ်။အပြောင်းအလဲ ကို စိတ်မဝင်စားတတ်ကြဘဲ တစ်နေရာထဲမှာ (သို့)တစ်ခုခုကိုပဲ အခြေချနေထိုင် လုပ်ကိုင်တတ်ကြပါတယ်။ကိုယ့်ကိုယ်ကိုယ် အလွန် အထင်ကြီးတတ်တဲ့ ရာသီဖွားတွေပေါ့။လူတွေကို လွယ်လွယ်နဲ့လည်း မယုံကြည်တတ်ကြပါဘူး။တီထွင်ဆန်းသစ်မှုကို သဘောမကျဘဲ ရှေးရိုးအတိုင်းကိုသာ သဘောကျနေထိုင်တတ်သူများပေါ့။


မကာရရာသီဖွား တို့ စိတ်နေသဘောထား စရိုက်လက္ခဏာ

မကာရရာသီဖွားနှင့် လွတ်လပ်မှု

မကာရ ရာသီဖွားတို့ဟာ အလွန် အမှီအခိုကင်းသူများဖြစ်ကြပါတယ် ။ဘာကြောင့်လဲဆိုတော့ သူတို့ဟာ သူတို့ဘယ်လောက် လုပ်နိုင်ကိုင်နိုင်လဲဆိုတာ ကောင်းကောင်းသိသူများဖြစ်တဲ့အပြင် အခြားသူများအပေါ် ယုံခဲသည့်အတွက် သူတို့ကိုယ်တိုင် အသေးစိတ်လုပ်ကိုင်ရသည်ကိုပဲ သဘောကျတတ်ကြပါတယ်။




Aquarius

တကယ်လို့ သင်ဟာ ဇန်နဝါရီ၂၁ မှ ဖေဖေါ်ဝါရီ၁၉ အတွင်း မွေးဖွား သူဖြစ်ခဲ့ရင် ............

Aquarius (ခေါ်)ကုမ်ရာသီဖွားပါပဲ......

ကုမ်ရာသီဖွားတို့ ရဲ့ ထူးခြားတဲ့ စရိုက်များကတော့ .....

ကုမ်ရာသီဖွားဖြစ်တဲ့သင်ဟာ ဟာသဥာဏ် ရှိပါတယ် ထက်မြက်သူတစ်ယောက်ဖြစ်ပြီး လူသားချင်းစာနာတတ်မှုကို အလွန်တန်ဖိုးထားတတ်ပါတယ် #

တီထွင်နိုင်စွမ်း အပြည့်အဝရှိပြီး ကိုယ်ပိုင်ဟန် ကိုယ်ပိုင်မူ နဲ့သာ နေလေ့ရှိပါတယ် ......


ကုမ်ရာသီဖွားများ၏ အားနည်းချက်များ.....

ကုမ်ရာသီဖွားများဟာ ခေါင်းမာပြီးဇွတ်တရွတ်နိုင်လွန်းပါတယ်.. #

ကြည့်လိုက်ရင် မထုံတက်တေး ပုံစံနဲ့ သွေးအေးလွန်းသူများ ဖြစ်ကြတယ်

အလွန်လည်း အရွဲ့တိုက်တတ်ကြပါတယ်#

သူ့ကို အမိန့်လာပေးတတ်တာမျိုးကိုတော့ လုံးဝလက်မခံတတ်ကြပါဘူး #

လူတွေနဲ့ ခပ်ဝေးဝေးမှာ သီးခြားနေတတ်ကြပါတယ်#


ကုမ်ရာသီဖွားနှင့် လွတ်လပ်မှု

ကုမ်ရာသီဖွားများဟာ လွတ်လပ်မှုကို အလွန်မြတ်နိုးသူများ ဖြစ်ကြပါတယ်#

သူတို့ကို ချုပ်ကိုင်ဖို့ စည်းကမ်းချမှတ်ဖို့ ကြိုးစားရင်တော့ သေချာပါတယ် သူတို့ ထွက်ပြေးသွားကြမှာပါပဲ#

သူတို့ကို ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးဖို့ လိုအပ်ပါတယ် #

လွတ်လပ်မှုဟာ သူတို့ရဲ့ လိုအင်ဆန္ဒမဟုတ်ပါဘူး #သူတို့ဘဝနေထိုင်မှုအတွက် မရှိမဖြစ်တဲ့အရာတစ်ခုပါပဲ...


Pisces

မိန်ရာသီဖွား တို့ စိတ်နေသဘောထား စရိုက်လက္ခဏာ(အပိုင်း-၁)

တကယ်လို့ သင်ဟာ ဇန်နဝါရီလ ၂၀ရက်မှ မှ မတ်လ ၂၀ ရက် အတွင်း မွေးဖွား သူဖြစ်ခဲ့ရင် ............

Pisces (ခေါ်)မိန် ရာသီဖွားပါပဲ......

မိန်ရာသီဖွားတို့ ရဲ့ ထူးခြားတဲ့ စရိုက်များကတော့ .....

မိန်ရာသီဖွားများဟာ ကူညီရိုင်းပင်းတတ်ကြပါတယ်#း

ပတ်ဝန်းကျင်နှင့် လိုက်ရောညီထွေဖြစ်အောင်လည်းနေတတ်ကြတယ်#

သူတပါး အပေါ် သည်းညည်း လည်း ခံတတ်ကြပါတယ်#

သစ္စာရှိသောသူများဖြစ်ပြီး အလွန်စိတ်ကူးယဉ်တတ်သူများ ဖြစ်ကြပါတယ်...


မိန် ရာသီဖွားများ၏ အားနည်းချက်များ.....

မိန်ရာသီဖွားတို့ဟာ ဆတ်ဆတ်ထိမခံတတ်ဘဲ စိတ်ထိခိုက်လွယ်တတ်ကြပါတယ်#

မပြတ်သားတတ်သော စိတ်က သူတို့ကို လွှမ်းမိုးနေတတ်ပါတယ်

ကိုယ့်ကိုယ်ကိုယ် သနားတတ်ပြီး ပျင်းတတ်တာကလည်း သူတို့အားနည်းချက်ပါပဲ..

မိန်ရာသီဖွားများဟာ စိတ်ကူးယဉ်တတ်လွန်းသူတွေပါပဲ


မိန်ရာသီဖွားနှင့် လွတ်လပ်မှု

မိန်ရာသီဖွားဖြစ်တဲ့သင့်မှာ သင့်ကို လွှမ်းမိုးနိုင်တဲ့ စံပြနမူနာ လူတစ်ယောက် လိုအပ်နေပါတယ်တဲ့ #

အလွယ်တကူပဲ သင့်ရဲ့ ကိုယ့်ကိုယ်ကိုယ် သနားတတ်မှု နဲ့ရွေ့ဆိုင်းတတ်မှုကြောင့်ပါပဲ#

မိန်ရာသီဖွားပိုင်ရှင်တွေဟာ လွတ်လပ်မှုကို ပိုင်ဆိုင်နိုင်နေချိန်မှာတော့ ရုတ်တရက် အကြံပေါ်မှုတွေ ဖန်တီးနိုင်စွမ်းတွေပေါ်ပေါက်တတ်ပါတယ်

သူတို့ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲက ပျော်ရွှင်စရာတွေ ပျော်ရွှင်ဖွယ် အဆုံးသတ်မှုတွေကြောင့် သူတို့ဟာ တစ်ကိုယ်တည်း လွတ်လပ်စွာတော့ကြာရှည်စိတ်ကူးဥာဏ် မကွန့်နိုင်ကြတာပါ#

သူတို့ကို လမ်းမှန်ပေါ်ရောက်အောင် ပြုစုပျိုးထောင်ပေးမယ့် သူတစ်ယောက်တော့ လိုအပ်နေပါတယ်တဲ့#



Thank you!

Be Safe & Happy!

Moh

 
 
 

Comments


bottom of page