🌳🌳🌳“Tree of life “🌳🌳🌳သင်္ကေတလေး အကြောင်း
- Moh moh31
- Nov 25, 2022
- 1 min read

“Tree of life “ဒီသင်္ကေတလေးဟာ Manifestation လုပ်တဲ့နေရာမှာ powerful အဖြစ်ဆုံး သင်္ကေတတွေထဲက တစ်ခုပါပဲ။
သူ့ရဲ့အဓိပ္ပါယ် “ Balance “ ညီမျှမှု ပါ..
ရေ လေ မြေ မီး ဓာတ်ကြီးလေးပါးရဲ့ ညီမျှမှုကို ကိုယ်စားပြုပါတယ်။
အချို့လူတွေက ဒီ သင်္ကေတလေးကို လက်ဝတ်ရတနာအနေနဲ့လည်းကောင်း၊ အိမ်အလှဆင်အနေနဲ့လည်းကောင်း၊Tattoo အနေနဲ့လည်းကောင်းအသုံးပြုကြပါတယ်။
လူတယောက်ရဲ့ စိတ်ဆန္ဒတွေ ကို ဖြည့်ဆည်းပေးဖို့ Universe နဲ့ ချိတ်ဆက်ဖို့ လိုအပ်တဲ့ အမှန်တရား အချက်(၅)ချက်ကို ဒီသင်္ကေတလေးက ကိုယ်စားပြုပေးထားပါတယ် ။
၁။”Interconnectedness “ >“စိတ်၏အတွင်းပိုင်းကို ချိတ်ဆက်ခြင်း”
ကျွန်မတို့အားလုံးဟာ သက်ရှိသက်မဲ့အားလုံးဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အားလုံးချိတ်ဆက်နေကြပါတယ်ဆိုတဲ့ အမှန်တရားပါ။
၂။” Stability” >“တည်ငြိမ်မှု”
အမြစ်တွေတွယ်နေတဲ့ သစ်ပင်ဟာ အခြေခိုင်မြဲတယ်။ အခြေခိုင်နေတဲ့သစ်ပင်တစ်ပင်ဟာ တည်ငြိမ်တယ် ခိုင်ခံ့တယ် သန်စွမ်းတယ် ဆိုတဲ့ အမှန်တရား။
၃။Peace > “ငြိမ်းချမ်းမှု”
သစ်ပင်တစ်ပင်ဟာ သူ့အရိပ်အောက်မှာ နားနေချင်သူ သက်ရှိတို့ရဲ့ စိတ်အေးငြိမ်းရာ ခံစားချက်ကို ပေးစွမ်းတယ်ဆိုတဲ့ အမှန်တရား။
၄။Rebirth > အသစ်ပြန်လည်တည်ဆောက်(မွေးဖွား) ခြင်း
သစ်ပင်တွေရဲ့ သက်တမ်းက အဆုံးမရှိနိုင်ပါဘူး ဘာလို့လဲဆိုတော့ သေဆုံးသွားတဲ့သစ်ပင်တစ်ပင်ဟာ မျိုးစေ့မှတဆင့် အကိုင်းအခက်မှတဆင့် အထပ်ထပ်အခါခါ ပြန်လည်ရှင်သန်နိုင်ပါတယ် ဆိုတဲ့အမှန်တရားပါ။
၅။ Individuality > သီးသန့်ဖြစ်တည်မှု
အပင်တစ်ပင်တိုင်းဆီမှာ သူ့ရဲ့ unit ဖြစ်တဲ့ သီးသန့်ပုံစံတစ်ခုစီရှိနေပါတယ် ။သီးသန့်ဖြစ်တည်မှုဆိုတဲ့ အမှန်တရားဟာ ဘယ်အရာနဲ့မှ နှိုင်းယှဉ်ဖို့ မလိုဘူးဆိုတာပါ။
အဲဒါကြောင့် universe နဲ့ alignment ဖြစ်စေဖို့ လိုအပ်တဲ့အခြေခံအမှန်တရား (၅)ချက်နဲ့ ကိုက်ညီနေတဲ့ ဒီ “ Tree of life” သင်္ကေတလေးဟာ manifestation tool အနေနဲ့ လူကြိုက်များ အသုံးပြုနေကြတာ ဖြစ်ပါတယ်။
Comment
Share
Comments