Soulmate Vs Twinflame
- Moh moh31
- Nov 24, 2022
- 1 min read
Soulmate Vs Twinflame
What is soulmate connection! Soulmate ဆိုတာက ဘဝမှာ ကိုယ့်ရဲ့ ဘဝမှာ အကောင်းတွေ အဆိုးတွေကို ဝေမျှပေးနိုင်သူတွေပေါ့။သူတို့ဟာ ကိုယ့်ရင်ထဲကိုနားလည်ပေးတယ် ။ကိုယ့်ရဲ့soulနဲ့ သူ့ရဲ့ soulက တိုက်ဆိုင်မှု universe ရဲ့ အခြေအနေပေးလာတာမှုတွေကြောင့် ၂ဦးဆုံစည်းရတယ် ။ အတိုကောက်ပြောရမယ်ဆိုရင်တော့ ရေစက်ပေါ့။ ဘဝတခုမှာ soulmate connection ကအများကြီး ရှိလာနိုင်တယ် ။ Soulmate connection တွေက အချင်းချင်းနားလည်မှုပေးနိုင်တဲ့မိဘနဲ့သားသမီး ၊ အချစ်ရဆုံးသော မိတ်ဆွေသူငယ်ချင်းတွေ၊ကိုယ့်အပေါ်နားလည်ပေးနိုင်တဲ့ ကိုယ်ရဲ့ partner,ချစ်သူ, အိမ်ထောင်ဖက်တွေကလည်းsoulmate ဖြစ်နိုင်တယ် ။ သူတို့နဲ့ကနှလုံးသားချင်းနီးစပ်လာတဲ့အခါ ဆံုတွေ့ရတယ် vibration မတူတော့တဲ့အခါ ကွဲကွာကြရတယ် ။
What is Twinflame connection?
Twinflame ဆိုတာ ကတော့ တဘဝလုံးနေမှ တခါသာ ဆုံစည်းရတဲ့ တစ်ဦးတည်းသော ကိုယ့်ရဲ့ အမွှာ connection ပေါ့။ သူဟာ ကိုယ်နဲ့ ဘဝဖြတ်သန်းရတဲ့လမ်းကြောင်း ၊စိတ်နေစိတ်ထား ၊လောကကြီးကိုသုံးသပ်ပုံ တွေက တူညီတယ် ။ဘယ်သူမှသတိမထားမိတဲ့ ကိုယ့်ရဲ့ language/ဘာသာစကား ကိုဖတ်နိုင်တဲ့ တစ်ဦးတည်းသောသူတယောက်ပါ။
Twinflame တွေရဲ့ထူးခြားချက်တွေအများကြီးထဲက တခု သူနဲ့ ကိုယ်ဟာ တခါဆုံစည်းဖူးရုံနဲ့ ဘဝတလျှောက်လုံး မေ့လို့ မရနိုင်ကြတော့တာပါပဲ။
Twinflame တွေ ဘယ်လိုဆုံစည်းတတ်ကြလဲ? Universe က ကိုယ်တို့၂ယောက်ကို ပထမဆုံးအကြိမ် ဆုံစည်းပေးတယ် ။ ၂ယောက်လုံးက တူညီတာတွေများတော့ ကိုယ့်ရဲ့ကောင်းတဲ့ဘက်အခြမ်းကို ၂ယောက်လုံး ပျော်ပျော်လေး နားလည်မှုလေးတွေပေးပြီး ကျေနပ်စွာ ရင်ခုန်ကြည်နူးစွာ ခံစားကြတယ် ။ ဒါပေမယ့် ၂ယောက်လုံး သို့ တယောက်ယောက်က ဆိုးတဲ့ဘက်အခြမ်းများလာရင်တော့ balance မဖြစ်တော့ဘဲ trigger ဒဏ်ရာတွေရလာရင်တော့ သူတို့ အတွဲကို universe က တယောက်စီခွဲပလိုက်ပြီးသင်ခန်းစာပေးတော့တာပဲ။ဒီသင်ခန်းစာတွေကို နားလည်သဘောပေါက်ပြီး အဖြေရှာနိုင်တဲ့တနေ့မှာ သင့်ရဲ့ Twinflame နဲ့ ပြန်လည်ဆုံစည်းပြီး ဘဝကို Happily Ever After ! ဖြတ်သန်းပေတော့ပဲ
ဒီနေရာမှာတော့ အချို့တွေက Twinflame နဲ့ Karmic ကိုမှားတတ်ကြသေးတယ် ။ Twinflame ကအကောင်းအဆိုး ဒွန်တွဲတတ်ပေမယ့် Karmic က ကိုယ့်ကို ရှယ် plan နဲ့ ဒုက္ခပေးဖို့ ကိုယ့်ဘဝထဲကိုဝင်တာတာဖြစ်တယ်ဆိုတာတော့ သတိထားကြပါနော် ။ နောက်ဆုံး မို့ပြောချင်တာကတော့ Soulmate ပဲဖြစ်ဖြစ် Twinflame ပဲဖြစ်ဖြစါ Karmic ပဲဖြစ်ဖြစ် ကိုယ့်အပေါ်မကောင်းရင် ကျိတ်မှိတ်ပြီး လက်မခံပါနဲ့။ ဘဝမှာကိုယ့်သင်ခန်းစာကို ကိုယ် ယူကြရမှာပဲ

Comments