Why they get Silent📵😶📴 သူတို့ ဘာလို့ နှုတ်ဆိတ်သွားကြတာလဲ???
- Moh moh31
- Nov 25, 2022
- 1 min read

လူတိုင်းအသံတိတ် ငြိမ်သက်သွားတဲ့အခိုက်အတန့်တွေရှိကြတာပဲဆိုတော့ … Zodiac လေး တွေ တိတ်ဆိတ်သွားတာလဲ အကြောင်းရှိတာပဲပေါ့လေ ..
Why they get Silent သူတို့ ဘာလို့ နှုတ်ဆိတ်သွားကြတာလဲ???
Aries သူတို့ချလိုက်တဲ့ဆုံးဖြတ်ချက်တိုင်းက လုပ်ရပ်တိုင်းက ကိုယ့်ကိုယ့်ပဲ ပြန်လည် နာကျင်နေရတဲ့အခါ…သူတို့ ဘာကိုမှ ပြောဖို့ အားမရှိတော့ဘူး…
Taurus စရိုက်ချင်း တန်ဖိုးထားတာချင်း မတူလို့ ဆက်ပြောစရာစကားမရှိတဲ့အခါ… ဂရုမစိုက်ဘဲ ဒီတိုင်းပဲထွက်လာလိုက်တော့တယ်…
Gemini ငါပြောနေတာတွေ သူတို့နားမလည်ပါလား(or) ငါ့စကားကို နားထောင်နေတာမဟုတ်ပါလား လို့ သိလိုက်ရတဲ့အခါ စကားလုံးတွေ ပျောက်ဆုံးကုန်တာပဲ…
Cancer တခုခုပြောလိုက်ရင် သူတို့အတွက် နာကျင်ရတော့မယ် ဆိုရင် နှုတ်ဆိတ်ပြီး သတိကြီးကြီးနဲ့ဒီအခြေအနေထဲက ထွက်လာဖို့က နှုတ်ဆိတ်နေတာ အကောင်းဆုံးဆိုပြီး တွေးနေတာ …
Leo သူတို့အကြောင်းသိတဲ့သူတယောက်က သူတို့တိုက်ခိုက်ဖို့ စကား အစပျိုးကြံစည်နေပြီဆို နှုတ်ဆိတ်ပလိုက်တော့တာပဲ… ကိုယ့်က်ုယ်ကိုယ် ကာကွယ်ဖို့လိုတယ်လေ…
Virgo သူတို့နှုတ်ဆိတ်နေတာက အကြောင်းရှိတယ် သူတို့လိုချင်တဲ့ အဖြေတခုခုရှာနေတာမရသေးလို့….
Libra သူတို့လုပ်လိုက်တဲ့ ရွေးချယ်လိုက်တဲ့ အရာဟာ မှားများမှားသွားလားလို့ စိုးရိမ်နေကြတာ…
Scorpio ကိုယ်က ယုံကြည်ပြီး ပြောပြခဲ့တာတွေကို သစ္စာဖောက်တွေက နောက်ကျောကို ဓါးနဲ့ထိုးနေတာ သိသိကြီးနဲ့ နာကျင်လွန်းလို့ ပြုံးပြုံးကြီးနဲ့ နှုတ်ဆိတ်နေတာ…
Sagittarius သူတို့ ဆိုးဆိုးဝါးဝါးအမှားတခုခုကျူးလွန်မိသွားလို့ နောင်တလည်းရ ဘာလုပ်ရမှန်းမသိတဲ့အချိန်ဆို ငြိမ်နေကြပြီ…
Capricorn အတွေးထောင်ချောက်ထဲမှာ တယောက်ထဲ အကြောင်းပေါင်းစုံတွေးပြီး ချာချာလည်ပြီး ပိတ်မိနေကြတာ…
Aquarius သူတို့ကို မလေးမစားနဲ့ပေါ့ပျက်ပျက်ဆက်ဆံခံရတယ်လို့ ခံစားရတဲ့အခါ စိတ်ပျက်လက်ပျက် စိတ်ကုန်ပြီး တိတ်ဆိတ်သွားကြတော့တာပဲ…
Pisces ကိုယ်က တော့ အမြဲအကောင်းမြင်ပေးပေမယ့် သူတို့က ကိုယ်ရဲ့ယံုကြည်မှုနဲ့မထိုက်တန်ပါလား လို့ နားလည်သွားတဲ့အခါ… သူတို့ ငြိမ်သက်သွားကြတာပဲ…
Comments