(Zodiac Advise)သူတို့ကိုယ့်ဆီပြန်လာအောင်ဘယ်လိုလုပ်ရမလဲ???
- Moh moh31
- Nov 25, 2022
- 2 min read
ကိုယ့်အမှားတခုခုကြောင့် သူ့တို့စိတ်ကုန်သွားတယ်။ ကိုယ်နဲ့သူတို့နဲ့ပြတ်တာမျိုး မဖြစ်ချင်ဘူး။ဘယ်လိုလုပ်ပီးသူတို့ကိုယ့်ဆီကိုယ့်ဆီ ပြန်လာအောင်လုပ်ရမလဲ ??? ကိုယ့်ကိုပြန်လက်ခံပါ့မလား ဆိုတာကတော့….
Fire Earth Air Water Sign တွေအလိုက်ပုံလေးတွေအောက်မှာ ပြောပြပေးထားပါတယ် ။
ပြန်ချော့ချင်သူများ Good Luck ပါ နော်

Earth Sign { Taurus Virgo Capricorn }
Earth sign တွေ တော်တော့် တော်တော်ကို ခေါင်းမာတဲ့အကြောင်းကို သူတို့နဲ့ date နေတဲ့မင်းကကောင်းကောင်းသိမှာပေါ့။သူတို့မင်းနဲ့ အဆက်ဖြတ်ရတာက နက်နဲလွန်းတဲ့ စကားများ ပြဿနာတက်ရတဲ့အကြောင်းတွေကြောင့်ပေါ့။ သူတို့မင်းကိုအဆက်ဖြတ်ရတာ အကြောင်း ၂ခုကြောင့်ဖြစ်နိုင်ပါတယ် ။ သူတို့ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကို မင်းမလိုက်နာလို့ ဒါမှမဟုတ် မင်းက အပြောနဲ့အလုပ်မတည်ဘဲ ကတိဖြတ်လို့ပါပဲ။
ပထမဆုံးအနေနဲ့သူတို့ကို အချိန်ခဏပေးလိုက်ပါ။ သူတို့မင်းကို အဆက်ဖြတ်တာကို လေးစားတဲ့သဘောနဲ့ပေါ့။အရမ်းအကြာကြီးတော့မထားနဲ့ပေါ့။မဟုတ်ရင် သူတို့ကလှည့်ကြည့်မှာမဟုတ်တော့ဘူး။တကယ်လို့ မင်းလုပ်တဲ့အမှားတခုကြောင့်ဆိုရင် သူတို့ကို လေးစားစွာတောင်းပန်ပါ။ ဒီနေရာမှာ အရေးကြီးဆုံးက ဇွဲရှိဖို့ လိုပါမယ် ။ ပြီးတော့ တကယ်ကို စိတ်ရင်းနဲ့တောင်းပန်တာမျိုးလုပ်ရပါမယ် ။ မင်းရဲ့ အမှားအတွက် ၁၀၀ရာခိုင်နှုန်း တာဝန်ယူမယ် ဆိုတာမျိူး သူတို့လက်ခံအောင် သေချာအောင်လုပ်ရပါလိမ့်မယ် ။ပီးတဲ့အခါ မင်းဟာ စကားတည်တယ် ဆိုတာ သူတို့သိသွားတဲ့အခါ သူတို့ပြန်လက်ခံဖို့ စဉ်းစားမှာပါ။ နောက်ထပ် ဘယ်တော့မှ သူတို့အပေါ် ဘယ်တော့မှ ကတိဖြတ်တာမျိုး မလုပ်ပါနဲ့တော့နော် ။ သူတို့နဲ့ deal လုပ်ဖို့က နည်းနည်းတော့ကြာမယ်နော် ။ သူတို့က အစပိုင်း မင်းရဲ့ message တွေကို ignore လုပ်ပစ်မှာ။ မင်းရဲ့ consistently ကြောင့်သာ စဉ်းစားအုန်းမယ် လုပ်တာ။ ပြီးရင်စောင့်ကြည့်နေကြအုန်းမှာ မင်းရဲ့စကား တည်လား မတည်လားဆိုတာကို ။ ခေါင်းကျောကတော့တော်တော်မာတဲ့သူတွေပါနော် ။ Good luck

Water Sign { Cancer Pisces Scorpio }
Water sign တွေ မင်းကို အဆက်ဖြတ်သွားပီဆိုရင်တော့ သူတို့နဲ့ ပြန်ဆက်ရဖို့ သိပ်တော့ မျှော်လင့်ချက်မရှိဘူး။ အထူးသဖြင့် Cancer နဲ့ Scorpio ပေါ့။ ပထမအချက် မင်းလုပ်ခဲ့တာတွေအတွက် တာဝန်ယူစိတ်ရှိရပါမယ် ။ ပီးရင်တော့ လုံးဝလုံးဝလုံးဝ ကို အဲလိုအမှားများ ထပ်လုပ်လို့မရတော့ပါဘူး။မင်းသူတို့ကို တကယ်ချစ်ရင် မင်းရဲ့အချစ်ကိုပြဖို့ တတ်နိုင်သလောက် Romantic ဆန်တာလေးတွေ လုပ်ပေးပါ။ ပန်းစည်းလေးတွေပို့ပြီး တောင်းပန်တာ လက်ဆောင်လှလှလေးတွေပေးတာမျိုးပေါ့ သူတို့က စျေးကြီးတာ မကြီးတာ စိတ်မဝင်စားပါဘူး ။သူတို့အတွက် က လက်ဆောင်ထဲမှာ မင်းရဲ့ စိတ်ရင်းပါလားပဲ ကြည့်တာပါ။ပီးတော့တကယ့် စိတ်ရင်း ဟုတ်လား မဟုတ်လားဆိုတာသူတို့ သိပါတယ် ။အဲဒါကြောင့် လက်ဆောင်ပေးတဲ့အခါမဇာ သေချာ စဉ်းစားဖို့လိုပါတယ်။မင်းသူတို့ကို တကယ်ချစ်လား တန်ဖိုးထားလား ဆိုတာကို သူတို့သေချာသိရမှမင်းကို သူတို့ဘဝထဲပေးဝင်ပါလိမ့်မယ် ။သူတို့နောက်တခေါက်ခံစားရမှာကို အကြောက်ဆုံးပါပဲ အဲဒါကြောင့် မင်းက စိတ်ရင်းနဲ့သးတို့အပေါ် တကယ်ကောင်းတာလား ဆိုတာ က်ု သူတို့ သေချာစောင့်ကြည့်ပါလိမ့်မယ် ။နောက်တချက်က သူတို့စိတ်ဆိုးနေရင်တောင်မှ အချိန်မဆိုင်းဘဲ မြန်မြန်ချော့ပါ မင်းရဲ့အချစ်စစ်ကြောင်း ပြပါ။ Be sincere and Good luck

Fire Sign {Aries Leo Sagittarius }
Fire sign တွေက တော်ရုံ စိတ်ဆိုးစိတ်ကောက်တာမျိုး မရှိကြပါဘူး။ မင်းလုပ်လိုက်တဲ့အရာက တော်တော်ကိုမှားနေလို့သာ သူတို့ မင်းကို ဖြတ်ဖို့လုပ်တာပါ။သူတို့တွေက GO GO ! သွားမယ် လုပ်မယ် ရှေ့သို့ပဲ ‘ သူတို့ဘဝကိုပျော်အောင်နေတယ် အကောင်းမြင်တယ် ဘယ်လိုအောင်မြင်အောင်လုပ်မယ်ဆိုပြီးနေတတ်ကြတယ် ။မင်းချပြလိုက်တဲ့ မင်းရဲ့လုပ်ရပ် ကသူတို့နဲ့မကိုက်ညီဘူးဆိုရင် fire sign တွေ မင်းကို ပလစ်မှာပါပဲ။ တောင်းပန်ဖို့က က လိုအပ်ပါတယ် ။ တောင်းပန်တဲ့နေရာမှာ အဓိကpoint က Prove *သက်သေပြပါ* သူတို့က action oriented သမားတွေဖြစ်တာကြောင့် မင်းက တကယ်ကို အဲလိုလူမဟုတ်တော့ဘူး ဆိုတာ လက်တွေ့ပြပါ။ စကားလုံးတွေကို သူတို့စိတ်မဝင်စားပါဘူး ။အရင်ပုံစံအချိုးအတိုင်းသူတို့ဆီ ပြန်သွားဖို့မစဉ်းစားပါနဲ့။ မင်းရဲ့ အရင်version ကို စိတ်မဝင်စားလို့သူတို့အဆက်ဖြတ်တာပါ။ မင်းဟာ အရင်လိုမဟုတ်ဘဲ ပြောင်းလဲသွားတယ်ဆိုတာကို မင်းရဲ့အမြင် အပြော အလုပ်တွေ အားလုံးနဲ့ စိတ်ရင်းနဲ့ သက်သေပြပါ။ သူတို့ကို လုံးဝလည်း လက်မလွှတ်နိုင်ဘူး မင်းကောင်းဖို့အတွက် မင်းကိုယ်တိုင်ကလည်း ဒီလိုပြောင်းလဲမှုကို လိုလိုလားလား လက်ခံနိုင်ရင်ပေါ့ ။ သူတို့ကို အံ့ဩသွားအောင် လုပ်နိုင်ပါတယ် ။အရင်အတိုင်းပြန်လုပ်ရင်တော့ သူတို့ဆီက zero interest ပဲ ပြန်ရပါလိမ့်မယ် ။မင်းကံကောင်းပါစေ။
Comments