လိုချင်တာတွေက ဘယ်လိုရတတ်လဲ?(Sadguruပြောတဲ့ ပုံပြင်)
- Moh moh31
- Nov 24, 2022
- 1 min read
လိုချင်တာတွေက ဘယ်လိုရတတ်လဲ?(Sadguruပြောတဲ့ ပုံပြင်)
ဒီပုံပြင်လေး Sadguru ပြောပြတာလေးနားထောင်ပြီး ဒီရက်ပိုင်းမှာ မပျော်ရွှင်ရတဲ့အကြောင်းတခုကြောင့်စိတ်ဆင်းရဲနေရတဲ့ မို့အတွက် တကယ်ကို မီးထိုးပြသလိုဖြစ်သွားရတဲ့ အတွက် ချစ်ရတဲ့သူတွေကို sharing လုပ်ပေးချင်လို့ ဒီအကြောင်းလေးကို ရေးပါတယ် …
လူတစ်ယောက်ဟာ သစ်တောထဲမှာ လမ်းလျှောက်လာရင်း Paradise (လိုတရစေတဲ့ သုခဘုံ ) ထဲကို သူကိုယ်တိုင်တောင်မသိဘဲ ရောက်သွားတယ် ။အရမ်းမောလာလို့ အရမ်းကြီးတဲ့ သစ်ပင်တစ်ပင်အောက်မှာ သူနားနေတယ် ။ ဗိုက်ကလည်း ဆာတော့ သူအကြိုက်ဆုံး အစားအသောက်တွေ အကြောင်း ကို စဉ်းစားနေတယ်။ ခနနေတော့ အဲအစားအသောက်တွေ ကသူ့ရှေ့မှာပေါ်လာတယ် ။ ဗိုက်ဆာနေတော့ သူဝမ်းသာသွားပြီး စားလိုက်တယ် ဘာမှမတွေးဘဲနဲ့ပေါ့။ ခနနေတော့ ယမကာတခုခုသောက်ရရင်ကောင်းမယ်တွေးလိုက်တာ ပေါ်လာပြန်ရော။ သူသောက်လိုက်ပြန်တယ် ။ လူတွေက စားချင်တာစားသောက်ချင်တာသောက်ပြီးရင် တော့ ဟိုတွေးဒီတွေး တွေးကြပြီလေ ။ သူရဲ့ ပေါက်ကရတွေးတတ်တဲ့ Monkey Mind က activate စဖြစ်လာတယ် ။ သူစပြီးတွေးပြီပေါ့။ ဒါတွေက ဘာလို့ အလိုလိုပေါ်လာတာလဲ ။ဒီနားမှာသရဲရှိနေလို့လား။ အဲဒါနဲ့သရဲပေါ်လာတော့တာပဲ လိုတရဘုံကိုး။ သူစပြီး suffering တွေးကြောက်လာပြီ။သရဲတွေကို ငါ့ ကို ဝိုင်းထားမှာလား မသိဘူး ဆိုတော့ ဟိုကဝိုင်းထားတာပေါ့။ ငါ့ကိုသတ်ပစ်မယ်ထင်တယ်ဆိုပြီးတွေးလိုက်တာ သူသေဆုံးသွားပါတယ်တဲ့။
ပုံပြင်ထဲကလူက ကံဆိုးလိုက်လေခြင်းပေါ့။ လိုတရစေတဲ့ ဘုံ Paradise တွေပျောက်ကွယ်သွားရခြင်းအကြောင်းက လူတွေရဲ့တောင်စဉ်ရေမရတွေးတတ်တဲ့ အတွေးတွေ (Monkey Mind )ကြောင့် ပဲ ဖြစ်မယ်ထင်တယ်နော် …
Sadguru ကဆက်ပြောတယ် …. မင်းမပျော်ရွှင်ရတဲ့အကြောင်းရင်းက တခုပဲရှိတယ်တဲ့..
အဲဒါက ဘဝက မင်းဖြစ်သင့်တယ်လို့ ယူဆထားတဲ့အတိုင်း ဖြစ်မလာတဲ့အခါ မင်းမပျော်ရွှင်နိုင်တော့ဘူး။
လူနှစ်ယောက်က ဘုရားမှာ သူတို့ လိုချင်နေတဲ့အိမ်လေးအတွက်ဆုတောင်းတယ် ။ ပထမတယောက်က ဘာမှသူဆက်မတွေးဘူး ။သူဆန္ဒက မကြာခင်မှာပဲပြည့်သွားတယ် ။
နောက်တယောက်က ငါလိုချင်တဲ့အိမ်က သိန်းဘယ်နှစ်ထောင်မို့လို့ ဘုရားက ငါ့ကို ဘယ်လိုပေးမှာလဲ လာဆောက်ပေးမှာလား မဖြစ်နိုင်ပါဘူး ။ သူက လိုချင်တယ် မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးကြောင့် သူ့အတွေးထဲက ဖြစ်နိုင်ပါ့မလား ဆိုတဲ့မသေချာမှုကြောင့် သူ့လိုချင်တဲ့အိမ်လေးမရခဲ့ဘူး ။ လိုချင်တဲ့အရာ က မသေချာရင် သင့်ရဲ့ manifestation က မရနိုင်ပါဘူး။ သူမသိပေမယ့် သူလည်း ဆန္ဒပြည့်ပါတယ် ။
ကံကောင်းတဲ့လူတွေက စိတ်ရှင်းသူတွေဖြစ်တယ်
ပျော်ရွှင်တဲ့သူတွေက စိတ်ရှင်းတဲ့သူတွေ ဖြစ်ပါတယ်
Be Safe & Happy ပါ

Comments